နှမြောတယ် …
တိုင်းပြည် လူမျိုး
နိုင်ငံရဲ့အနာဂတ်ကို ထမ်းပိုးမယ်တဲ့
အဲဒီ့လူငယ်အချို့ရဲ့ခေါင်းထဲမှာ
တရားမျှတမှုတွေခမ်းခြောက်နေတာကို နှမြောတယ် ..။
နှမြောတယ် …
ပြည်သူရဲ့ သွေးချွေးမျက်ရည်
တတိတိကြွေပေးခဲ့ရတဲ့ လမ်းပေါ်မှာလျှောက်
ရိုက်သွင်းခံထားရတဲ့ တစ်လမ်းသွားဦးနှောက်နဲ့
အောက်ကို တစ်ချက်လေးတောင်ငုံမကြည့်တဲ့သူတွေကို နှမြောတယ် …။
နှမြောတယ် …
အဆင့်မြင့်ပညာရပ်တွေကို
အဆင့်မြင့်နိုင်ငံတွေမှာသင်ယူ
အညွန့်တလူလူနဲ့ လူတော်တွေ …
လူကောင်းတွေဖြစ်မလာတာကို နှမြောတယ် …။
နှမြောတယ် …
မတရားမှုတွေကို ထောက်ခံ
အမှန်ကိုအမှား အမှားကိုအမှန်
အမြင်အာရုံတွေမှာ မောဟအမှောင်တွေခံနေတဲ့
မြင်ရက်နဲ့ကန်းနေတဲ့ မျက်လုံးတွေကို နှမြောတယ် …။
ဘုန်းမင်းဇွန်
နေဘုန်းလတ် blog မှ www.nayphonelett.blogspot.com
WLB ၏ ၁၂ ကြိမ်မြောက် ညီလာခံအတွက် အတွင်းရေးမှူးအဖွဲ့သစ် ရွေးကောက်
တင်မြှောက်ပြီးစီး
-
ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-Women’s League of Burma(WLB) ၏ ၁၂
ကြိမ်မြောက် ညီလာခံ (၂၀၂၆ – ၂၀၂၈) ခုနှစ် အ...
1 day ago

No comments:
Post a Comment