မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီသစ် မဟာမိတ်တပ်မတော် (ကိုးကန့်)အဖွဲ့က နအဖနဲ့ ဆက်ဆံရေး ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ထား
သတင်းနှင့်မီဒီယာကွန်ယက်။
သြဂုတ်လ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။
မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီသစ် မဟာမိတ်တပ်မတော်ခေါ် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၁)၊ ကိုးကန့် တပ်ဖွဲ့က အခုလ(၂ဝ)ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး အဆိုပါထုတ်ပြန်ချက်တွင် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ယာယီရပ်ဆိုင်းလိုက်ကြောင်း ပါရှိသည်။
အခုလ(၁၁)ရက်နေ့က ကိုးကန့်တပ်ဖွဲ့မှ ကိုယ်စားလှယ်(၆)ဦးအား လောက်ကိုင်ရှိ ဒေသဆိုင်ရာကွပ်ကဲရေး စစ် ဌာနချုပ်တွင် ခေါ်ယူပြီး (၅)နာရီကြာ ဖမ်းဆီးထားသည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ယာယီရပ်ဆဲလိုက်ကြောင်း ကိုးကန့်အဖွဲ့၏ အင်တာနက် ဝက်ဆိုက်တွင် ဖေါ်ပြထားသည်။
အခုလ(၈)ရက်နေ့က လောက်ကိုင်အခြေစိုက် စစ်တပ်နှင့်ရဲ တပ်ဖွဲ့ အင်အား(၇ဝ)ခန့်က ကိုးကန့် တပ်ဖွဲ့ဥက္ကဌ ဖုန်ကျားရှင်နေအိမ်ရှိ ဂိုဒေါင်အား ရှာဖွှေရန် သွားရောက်စဉ် နှစ်ဖက်အကြား ပစ်ခတ်လုနီးပါး ပြဿနာတက်ခဲ့ သလို ဒေသခံလူထု တစ်သောင်းကျော် တရုတ်ပြည်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွတ် ဖြေရှင်းရန် နောက်တနေ့တွင် ရောက်လာသော်လည်း ကိုးကန့်ဥက္ကဌအပါအဝင် ထိပ်တန်း ခေါင်းဆောင်များက တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ယခုလ(၁)နေ့က လောက်ကိုင် ဒကစဌာနချုပ်သို့ သွားရောက် ခဲ့သည့် ကိုးကန့်တပ်ဖွဲ့မှ ကိုယ်စားလှယ်(၆)ဦးအား ထိန်းသိမ်းထားခဲ့သည့်အတွက် ယခုလို ကိုးကန့်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ မြန်မာ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့ပြီး အခုနှစ် ဧပြီ(၂၈)ရက်နေ့က စ၍ နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် နအဖ၏ ဖိအားပေးခံနေရသည်။
သတင်းနှင့်မီဒီယာကွန်ယက်
www.nmg-news.com/nmg/defaultmm.html
အလွမ်းပန်း
ဧရာဝတီတိုင်းဒေသကြီးတွင် ရေဘေးကူညီရေး လုပ်ဆောင်နေသူ ထီးထာကရင်
လူငယ်များပရဟိတဖောင်ဒေးရှင်း ဥက္ကဌ၊ စအိုင်ထီးခန့်နှင့် ဆက်သွယ်မေးမြန်းခြင်း
-
“ကျုံပျော်မြို့နယ်မှာတော့ ကူညီမယ့်သူ မရှိဘဲ နောက်ဆုံးကျန်ခဲ့တဲ့
မြို့နယ်ဖြစ်နေတဲ့အတွက် အလှူရှင် အရမ်းနည်းပါးသွားတယ် ” ထီးထာကရင်
လူငယ်များပရဟိတဖောင်ဒေးရှင်း...
5 days ago

No comments:
Post a Comment