
မြန်မာ့တပ်မတော် အမှတ် (၅) စစ်ဆင်ရေးမှုး ခင်မောင်ဆင့် သည် တောင်ငူ၊ ဘောကလိ (ခလယ်လာ) ကျေးရွာ သို့် သြဂုတ်လ (၁၈) ရက်တွင် ရောက်လာပြီး ရွာသူ နော် _ _ _ ကို (ဓါတ်ပုံရှင်) အတင်းအဓမ္မအရက်တိုက်ပြီး သားမယားပြုကျင့်ခဲ့ပါသည်။ အခြားအမျိုးသမီး တစ်ဦး အတင်းသားမယားပြုချင်း ခံခဲ့ရသောလည်း လုံခြုံရေးအရ အသးစိတ်ထုတ်ဖေါ် မပြောပြ ခဲ့ပေ။ ယခု စစ်ဆင်ရေးမှုးခင်မောင်ဆင့် ၏ နေရာကို တင်ဝင်း ဖြင့် အလှည့်ကျအ စားထိုး ထားပါသည်။ စစ်ဆင်ရးမှုး ခင်မောင်ဆင့် သည် ၄င်းဒေသ ရောက်ရှိပြီးကတည်းက ဒေသခံများကို မုဒိန်းကျင့်ခြင်း၊ အနိုင်ကျင့်ခြင်းများ ပြုလုပ်သော်လည်း တစ်စုံတစ်ရာ အပြစ် ပေးခြင်းမခံရပေ။ ခင်မောင်ဆင့်ကျုးလွန်ခဲ့သည့် အမှုတစ်ချို့များမှာ-
၁။ ဒေသခံရွာသားများ၏အရက်ကိုသောက်ပြီး ကျောင်းဆရာမ နော် _ _ အား
အ၀တ်အစားအတင်းအဓမ္မချွတ်ခိုင်းကာသားမယားပြုကျင့်ခဲ့ပါသည်။
၂။ နော်အယ်လှ (နံမည်ရင်းမဟုတ်) ကို အတင်းအဓမ္မ အရက်တိုက်၊ နှိပ်နယ်ခိုင်း
ပြီး၊ သားမယားပြုကျင့်ခဲ့ပါသည်။
၃။ ဖဲရှုံးပြီးနောက် ရွာသား စောသိုးဖန်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ခလယ်လာ စခန်း
တွင် ကြိုးဖြင့်တုတ်နှောင်ပါသည်။
၎။ စနူကာ ရှုံးပြီးနောက် ရွာသားစောဖိုးဂျုး ကို စခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားပါ
သည်။
၅။ ခင်မောင်ဆင့်သသည် အနီးအနားရွာနားသို့လာတိုင်း ၀ီစကီအရက်(၃) ပုလင်း
ကိုအတင်းအဓမ္မတောင်းယူလေ့ရှိပြီး ၄င်းအရက် တစ်ပုလင်း၏တန်ဖိုး မှာ
် ကျပ်(၃၀၀၀၀) ဖြစ်ပါသည်။
Free Burma Ranger၏ သတင်းထုတ်ပြန်ချက်အရ အမှတ် (၅) စစ်ဆင်ရေးမှုး၏ အောက် ရှိ ခလရ (၅၄၄) မှ စစ်သားများလည်း ခလယ်လာရွာမှ နော်အယ်ဝါး နှင့် နော်ဘလုဖေါ တို့ကို အတင်းအဓမ္မသားမယားပြုကျင့်ခဲကြောင်း ဖေါ်ပြထားပါသည်။
karenunited မှ
အလွမ်းပန်း

No comments:
Post a Comment