Tuesday, January 26, 2010

အို ဘယ့်.. ရန်ကုန်တက္ကသိုလ် (Who kill?)


လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
စင်ကာပူ ၀န်ကြီးချုပ်ဖြစ်လာမယ် သူဟာ တက္ကသိုလ်ကျောင်းသားဘ၀က
မြန်မာပြည်က ရန်ကုန်တက္ကသိုလ်ကိုကြည့်ပြီး သိပ် အားကျခဲ့တာ
ရန်ကုန်တက္ကသိုလ်ကြီးဟာ ငါတို့နိုင်ငံမှာ ဆိုရင်ဘယ်လောက်များကောင်းလိမ့်မလဲ........
ဒီတက္ကသိုလ်ကြီးမှာသာ ဘွဲ့ယူခွင့်ရရင် ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိမ့်မလဲ....တဲ့
စင်ကာပူမြို့တော်ကိုတည်ဆောက်တဲ့အခါ ငါတို့ Burma က Rangoon City ကို သူတို့ရဲံ ပညာရှင်တွေကိုယ်တိုင်
လာရောက်လေ့လာပြီးတော့မှ Rangoon City ရဲ့ ပုံစံကို အခြေခံယူပြီး singapore ကို တည်ဆောက်ခဲ့တာဘဲလေ......


လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ထိုင်း ဘတ်ငွေ ၂၅ ဘတ်က Burma ငွေ တစ်ကျပ် တဲ့
အခုတော့ ထိုင်း တစ်ဘတ် က မြန်မာ ငွေ ၃၅ ကျပ် ဖြစ်သွားပြီ...

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ဘားမား ဘောလုံးအသင်းက မာဒေးကားမှာ ( အရှေ့တောင်အာရှ နှင့် အာရှ ထိပ်တန်းအသင်းများပါဝင်)ဆို
ဘားမားဘောလုံးအသင်းရဲံ အောင်မြင်မှုကို အရှေ့တောင်အာရှ က ဘယ်အသင်း မီမှာတဲ့လဲ
အာရှမှာ ချန်ပီယုံဖြစ်ခဲ့တာတွေက ပုံပြင်တွေလား

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးမှာ Burmese တစ်ဦးရဲ့ သြဇာ
ကမ္ဘာကို လွမ်းခဲ့တာတွေ..........
အခုတော့ မြန်မာကိုယ်စားလှယ်ဆိုရင် ....မျက်လုံးစိမ်းတွေနဲ့

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
မယားတောသူ.........ကျွန်မှာကုလားတဲ့
burma မှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေ
တို့ ဘားမားတွေ သူတို့ကို အိမ်သာဆေးခိုင်းတာ
တို့ဘားမားတွေ အင်္ဂလန်သွားတယ်ဆိုတာက ပညာတော်သင်..ပညာရှင်အဖြစ်နဲ့
အခုတော့........မောင်
မလေးမှာ အိုးတိုက်မှာလား
စလုံးမှာ စားပွဲထိုးမှာလား
ဒူဘိုင်းမှာ တွင်းတူးမှာလား

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
Burma ဆို OK
U Aung San ဆို Right
U Thant ဆို Right
U Nu ဆို Right

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
...........................................

အို so sorry.
I m stupid.
I m not Burma.now.
I m Myanmar.

Ha Ha ...
I m Myanmar.
Burma dead with her beauty.
Who kill?
Who kill?

ကရင်မလေးနန်း blogမှ

အလွမ်းပန်း

No comments: