(မင်းစိုးစံ)
ဝါခေါင်လပြည့်တဲ့နေ့မှာ
နင့်ကိုငါမမြင်ပါလား
နင်ပြန်လာမယ်ဆိုလို့
ဝါခေါင်ပန်းလေးတွေခူးပြီး
ပန်ပေးဘို့ ငါ စောင့်နေမိတယ်
ငါ့ကို တကယ်ချစ်တယ်ဆိုရင်
ပြန်လာခဲ့စေချင်လိုက်တာဟယ်။
နင့်အတွက်
ကြံပိုင်း ငှက်ပျောသီး တင်မက
ခြည်မျှင်လေးနဲ့နတ်ပန်ညို(ဖ၀့်ဝီ.)
ကောက်ညှင်းထုပ်ကို ငါ ဖယ်ထားတယ်။
ငါ့ကိုချစ်တဲ့စိတ်လေး
မပျောက်သေးဘူးဆိုရင်
ခြည်ဖြူဖွဲ့ဘို့အဝေးကနေ
ပြန်လာခဲ့လေဟာ။
ငါတို့ကရင်လူမျိုးတွေခမျာ
အဖိနှိပ်ခံနေရတာ နင်အသိဆုံးပါ။
(လက်ခြည်ပွဲ ကိုလွမ်းလိုပါ မင်းစိုစံရေးတဲ့ကဗျာလေးဘဲတင်နိုင်တယ် ကျွန်တော်တို့ရောက်တဲ့နေရာမှ ရိုးရာလက်ခြည်ပွဲလုပ်နိုင်ရင် သိပ်ကောင်းမှာ ကြိုစားကြရအုံးမယ်ဗျာ)
အလွမ်းပန်း
ဧရာဝတီတိုင်းဒေသကြီးတွင် ရေဘေးကူညီရေး လုပ်ဆောင်နေသူ ထီးထာကရင်
လူငယ်များပရဟိတဖောင်ဒေးရှင်း ဥက္ကဌ၊ စအိုင်ထီးခန့်နှင့် ဆက်သွယ်မေးမြန်းခြင်း
-
“ကျုံပျော်မြို့နယ်မှာတော့ ကူညီမယ့်သူ မရှိဘဲ နောက်ဆုံးကျန်ခဲ့တဲ့
မြို့နယ်ဖြစ်နေတဲ့အတွက် အလှူရှင် အရမ်းနည်းပါးသွားတယ် ” ထီးထာကရင်
လူငယ်များပရဟိတဖောင်ဒေးရှင်း...
5 days ago

No comments:
Post a Comment