Thursday, September 2, 2010

အပြာရောင်ပန်းချီကား

အပြာရောင်ကောင်မလေးတစ်ယောက် အပြာရောင်သန်းတဲ့ညနေခင်မှာ
တွေ့လိုက်ရတဲ့ ကျွန်တော်အတွက်တော့
ကောင်းကင်ကြီးက အပြာရောင်အတိ့ ။

အပြာရောင်ကောင်မလေးနဲ့တွေ့တိုင်း
ကျွန်တော် ပြာလောင်ခတ်တာ
အပြာရောင်ကောင်းကင်ကြီးတောင် ........ ။

အပြာရောင်ပန်းချီကားလေး အကြောင်းပြောမလို့
အပြာရောင်ကောင်မလေး လာမယ်လမ်းကို
ကျွန်တော်ပြာရိပြာရာနဲ့ သွားလိုက်တာ
အပြာရောင်ကားလေးနဲ့ တိုက်မိတော့မလို့
လူတွေလည်း ပြာပြာသလဲ ။

တိမ်တိုက်တွေအောက်မှာ
အပြာရောင်ကောင်မလေးကို ကောင်လေးတစ်ယောက်နဲ့တွေ့လိုက်ချိန်
ကျွန်တော့် အပြာရောင်ပန်းချီကားလေး
ပြာကျသွားတယ် ။


(ကဗျာမဖြစ်ရင် မဆဲနဲ့ ရင်ထဲကဖြစ်လို့ရေးတာ အဲဒီညက Handphone အလုပ်ထဲမှာကျန်ခဲ့တာတော့ ကျွန်တော့်အတွက်တော့ မှတ်မှတ်ရရပါ)
၂၉၁၀ ည ၀၀း၃၄
အလွမ်းပန်း

No comments: